Tuesday, November 18, 2008
အတွေး
မနေ့က ပျင်းပျင်းရှိတာနဲ့ Blog တွေကိုလျှေက်ဖတ်ကြည့်ရင်း လောကကြီးထဲကလူတွေ အကြောင်းကိုစဉ်းစားမိတော့တယ်။
အကောင်းအဆိုးဝေဖန်ခံနိုင်တဲ့သူဆိုတာတော်တော်ရှားပါတယ်။ အဲဒီ့မှာမှ ကိုယ်လုပ်တာ မှားနေတာ၊ မဟုတ်တာကိုထောက်ပြဝေဖန်ခံရရင် ပိုဆိုးတော့တာပဲ။ငါကိုလာမထိနဲ့ ထိတာနဲ့ပြန်ပေါက်လိုက်မှာပဲ ဆိုရင်တော့ မှားနေတဲ့ အကြောင်းကနေ မှန်လာဖို့တော့မရှိပါဘူး။ မှားပြီးရင်မှားနေတဲ့သူသာာဖြစ်နေတော့မှာပါ။ ပြန်ပြီးမပြောခင်မှာ သူများ ဘာကိုပြောချင်တာလဲ ဆိုတာကိုအရင်စဉ်းစားသင့်တာပေါ့။
ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး ရေးရင်တော့ ဝေဖန်သူတော့ရှိမှာပဲ။ ဆတ်ဆတ်ထိမခံပြန်ပြောတော့ လူအမြင် ကြည့်ရဆိုးပါတယ်။ ဝေဖန်သူကလည်း မရှင်းတာကိုမေးထားတာပါ၊ ဆိုးဆိုးရွားရွားကြီး ရေးထားတာလည်းမဟုတ်ပါဘူး။ ကျွန်မလည်း Post ဖတ်ပြီးမရှင်းလို့ မေးချင်၊ ဝေဖန်ချင်ပေမဲ့ ကြောက်ပြီး မဝေဖန်ရဲ၊ မမေးရဲတော့ပါဘူး။
ကျွန်မလို လူမျိုး လူဘယ်နှစ်ယောက်များရှိမလဲ လို့ သိချင်လိုက်တာ။
Labels:
ဟိုရောက်ဒီရောက်
Subscribe to:
Post Comments (Atom)
1 comment:
ဟုတ်ပ။
Post a Comment